ဆိုးလ် ၊ ဖေဖော်ဝါရီ ၁ ရက် တောင်ကိုရီးယာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားနိုင်ငံမှ အားကစားသမားများသည် တောင်ကိုရီးယားနိုင်ငံသို့ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန က ဆိုသည်။
တိုကျို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဆက်ပိုရိုစီရင်စု တွင် ဇန်နဝါရီ ၃၁ရက် ညပိုင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်သူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှာဖွေနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။
ကဘူးလ် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Hindu Kush ဒေသ တွင် ဇန်နဝါရီ ၃၁ ရက်နေ့၌ အင်အား ရစ်(ခ်)တာစကေး (၆.၁) အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး မြို့တော် ကဘူးလ် တွင်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီလ ၃၁ ရက်တွင် ရထားတစ်စင်း နှင့် ထရပ်ကားတစ်စင်းတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်များ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။