ဝါဆော၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ သမ္မတ Andrzej Duda သည် ပိုလန်အမျိုးသားများအတွက် ပင်စင်ယူရမည့်အသက်အား ၆၅နှစ် နှင့် ပိုလန်အမျိုးသမီးများအတွက် ၆၀နှစ် အထိ လျှော့ချခဲ့သော ဥပဒေမူကြမ်းအား ဒီဇင်ဘာ ၁၉ရက်တွင် လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဒီဇင်ဘာ ၂၀ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဒီဇင်ဘာ ၁၉ရက် ညက ခရစ်စမတ်ဈေးရောင်းပွဲတော်အတွင်းရှိ ဈေးဝယ်သူများ အား ကုန်တင်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ၁၂ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၉ ရက်တွင် တွေ့ဆုံ ညှိနှိုင်း...
ကွီတို၊ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ မြောက်ပိုင်း၌ ဒီဇင်ဘာလ ၁၉ ရက်က ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် အပျက်အစီးများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
မော်စကို၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ) တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andery Karlov သည် ဒီဇင်ဘာလ ၁၉ ရက် က တူရကီနိုင်ငံ၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရကြောင်း နှင့် သံအမတ်ကြီးအသက်ရှင်ရေးအတွက်လိုအပ်သော ဆေးဝါးကုသမှုကို ပြုလုပ်ပေးရန် ရုရှားနိုင်ငံက တူရကီနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။