Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျပ်သိန်းပေါင်း ၁၉,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၉,၅၀၀)တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြားအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့လယ်၁၂ နာရီခန့်တွင်ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်း လုံခြုံရေးဆောင်ရွက်စဉ်ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းကျေးရွာ(ရွာသစ်)၊ မှိုဟင်းပြွန်ချောင်းကမ်းစပ်၌ မသင်္ကာဖွယ်စက်လှေတစ်စီးအား တွေ့ရှိရသဖြင့် စောင့်ကြည့်ခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မှ ရောက်ရှိလာခြင်းမရှိသဖြင့် သက်သေများနှင့်အတူ စက်လှေအားစစ်ဆေးခဲ့ရာ ဆာလာအိတ်များဖြင့် ထည့်၍ မိုးကာအုပ်ထားသည့် WY စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၉,၅၀၀)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့မရဲစခန်း မူးယစ်(ပ)၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.