ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှ တစ်ဆင့် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက် အထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂၂၉၈၂ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
အမ်မန်၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၈ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် ကနေဒါနိုင်ငံသား ခရီးသွားအမျိုးသမီးတစ်ဦး အပါအဝင် လူ၁၀ဦးသေဆုံးခဲ့ကြောင်း အထွေထွေလုံခြုံရေးဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာ့ဂန္တဝင် လက်ဝှေ့ကျော် မိုဟာမက်အလီမှ လက်မှတ်ရေးထိုးပြီး နဲလ်ဆင်မင်ဒဲလားထံ ပေးစာတစ်စောင်ကို စတာလင်ပေါင် ၇၂ဝဝ ( အမေရိကန်ဒေါ်လာ ၈၉၉၉ ) ဖြင့် ဗြိတိန်နိုင်ငံ Devizes မြို့၌ပြုလုပ်သော လေလံပွဲတစ်ခုတွင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးခရိုင် ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့၍ ဒီဇင်ဘာ ၁၇ရက်မှစတင်ကာ ကြက်ကောင်ရေ ၂၁၀,၀၀၀ သုတ်သင်ခဲ့ရကြောင်း သိရသည်။