Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ IS အစွန်းရောက် အဖွဲအစည်း ၏ ဖမ်းဆီးခြင်း ခံထားရသူ ၁၉ ဦး အား ကယ်ထုတ်

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး IS အစွန်းရောက် အဖွဲ့အစဉ်း နှင့် တိုက်ပွဲဝင်နေစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုဝင်ဘာ ၈ ရက် ၌ ယခုနှစ် ဇူလိုင်လ တွင် ဆီးရီးယား နိုင်ငံ တောင်ပိုင်း Suwayda ပြည်နယ် တွင် IS အစွန်းရောက် အဖွဲ့အစည်း ၏ ဖမ်းဆီးခြင်း ခံရသူ ၁၉ ဦး အား ကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရှိရသည်။

သတင်းဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် IS အစွန်းရောက် အဖွဲ့အစည်း တို့က နိုဝင်ဘာ ၈ ရက် တွင် နိုင်ငံအလယ်ပိုင်း Homs ပြည်နယ် ၌ ပြင်းထန်သည့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ IS အစွန်းရောက် အဖွဲ့ဝင် အချို့ အား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ များအား ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ဇူလိုင်လ ၂၅ ရက် တွင် IS အစွန်းရောက် အဖွဲ့အစည်း က ဆီးရီးယား နိုင်ငံ တောင်ပိုင်း Suwayda ပြည်နယ် တွင် အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လူပေါင်း အနည်းဆုံး ၂၁၅ ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး နှင့် ကလေးငယ် အများစု က ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.