Connect with us

Europe

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ရုရှား နိုင်ငံ ထောက်ခံသူများအား အရေးယူပိတ်ဆို့မှုများ ထပ်မံ ဆောင်ရွက်

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က လူပုဂ္ဂိုလ် ၃ ဦး နှင့် အဖွဲ့အစည်း ၉ ခု အား ယူကရိန်း အရေး တွင် ရုရှား နိုင်ငံ ဘက် မှ ထောက်ခံ ခဲ့ခြင်းကြောင့် အရေးယူ ပိတ်ဆို့မှု အသစ်များ ပြုခဲ့ကြောင်း နိုင်ဝင်ဘာ ၈ ရက် က ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ် ၂ ဦး နှင့် အဖွဲ့အစည်း တစ်ခု တို့က လူအခွင့်အရေး အား ဆိုးရွားစွာ ချိုးဖောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ ကျန်ရှိသူများ မှ Crimea ဒေသ တွင် ရုရှား နိုင်ငံ ၏ အကျိုးစီးပွား အတွက် တွန်းအားပေး ဆောင်ရွက်ကြမှုများ ပြုလုပ်ခဲ့ကြောင်း ဖေါ်ပြ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ ပိတ်ဆို့အရေးယူ ခံရသည့် လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း တို့ ၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှုများအား ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသား များအနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်မှု ပြုလုပ်ခြင်းအား ကန့်သတ်ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၄ ခုနှစ် မတ်လ တွင် Crimea ဒေသ ၌ ဆန္ဒမဲခံယူမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး ယူကရိန်း နိုင်ငံ မှ ခွဲထွက်၍ ရုရှား နိုင်ငံ သို့ ပါဝင်ရန် မဲပေးခဲ့ကြသည်။ အမေရိကန် နှင့် အီးယူ တို့ က ယင်းဆောင်ရွက်မှု သည် ရုရှား နိုင်ငံ မှ တရားမဝင် Crimea ဒေသ အား သိမ်းပိုက်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။ လတ်တလော နှစ်ပိုင်း တွင် အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပိုမို ဆောင်ရွက်လာခဲ့ပြီး ရုရှား နိုင်ငံ မှလည်း တုံ့ပြန်ဆောင်ရွက်မှုများ ပြန်လည် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.