တီဟီရန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန်ပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်း ရုပ်မြင်သံကြားမှ ဧပြီလ ၁၅ ရက်တွင် သတင်း တင်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မဟာသြင်္ကန်ပွဲတော်အကြတ်နေ့တွင် ရေကစားသူများ ပိုမိုများပြားစည်ကားလာသဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ ဝင်များသည် အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသများ သတိထားသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကိုပြောသည်။
ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၅ ရက်က ၎င်း၏ စစ်ဘက်ဆိုင်ရာ အင်အား ပြသသည့်အနေဖြင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ရောက်အောင် ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စင်း အပါအဝင် အဆင့်မြင့်ဆုံး ပဲ့ထိန်းနှင့် နည်းဗျူဟာသုံး...
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ဒလမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာ သွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သော်လည်း လူနှင့်တိရိစ္ဆာန်များ သေကျေ ပျက်စီးမှုနှင့် ထိခိုက်မှု မရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။