Connect with us

North America

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ CNN ရုံး ၊ သမ္မတဟောင်း အိုဘားမား နှင့် ကလင်တန် တို ့ထံ ဦးတည်၍ သံသယဖြစ်ပွားအထုတ်များ ပေးပို့မှုဖြစ်ပွား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ၌ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး တပ်ဖွဲ့ ဝင်များ လှုပ်ရှားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဟောင်း အိုဘားမား နှင့် ယခင်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန် တို့ထံ ဦးတည်၍ ပေးပို့လိုက်သော သံသယဖြစ်ဖွယ် အထုတ်များကို ကြားဖြတ် ဖော်ထုတ်တားဆီးနိုင်ခဲ့ပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၄ ရက်တွင် နယူးယောက်မြို့ရှိ CNN ရုံးသို့ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေးပို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

CNN စာတိုက်ခန်းတွင် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီက CIA ညွှန်ကြားရေးမှူးဟောင်း John Brennan ထံ လိပ်မူ၍ ပေးပို့လာသော ဖောက်ခွဲရေးပစ္စည်းကို နယူးယောက်မြို့အခြေစိုက် CNN သတင်းခန်းတည်ရှိရာ Time Warner စင်တာ၌ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Time Warner စင်တာရှိ စာတိုက်ခန်းမှ Michell ကပြောကြားရာတွင် အဆိုပါ သံသယဖြစ်ဖွယ်အထုတ်ကို ၎င်း၏လက်ထောက်ဖြစ်သူက ရှာဖွေဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်း၏သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးနောက် အဆောက်အဦလုံခြုံရေးများက ရဲတပ်ဖွဲ့ကို ချက်ချင်းဖုန်းခေါ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

CNN ရုံး၌ ရှာဖွေတွေ့ရှိခဲ့သော ဗုံးမှာ အသက်ဝင်နေသောဖောက်ခွဲရေးပစ္စည်း တစ်ခုဖြစ်ပြီး အထုတ်ထဲတွင် သံသယဖြစ်ဖွယ် အဖြူရောင်မှုန့်များတွေ့ရှိရကြောင်း နယူးယောက်မြို့ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီး James O’Neill က ဆိုသည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က CNN ရုံးသို့ပေးပို့လာသော ဖောက်ခွဲရေးပစ္စည်းပေးပို့ခြင်းမှာ “ အကြမ်းဖက်မှု အားထုတ်ခြင်းတစ်ခု” ဖြစ်ကြောင်း နှင့် “ ကျွန်တော်တို့၏ လွတ်လပ်စွာ ရေးသားခွင့်ကို ဖျက်ဆီးရန် ကြိုးပမ်းသည့် အကြမ်းဖက်မှု လုပ်ရပ်တစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

De Blasio က သတင်းစာရှင်းပွဲတွင်ပြောကြားရာတွင် အခင်းဖြစ်ကိစ္စကို စုံစမ်းစစ်ဆေးမှုဆက်လက်လုပ်ဆောင်နေကြောင်း နှင့် လက်ရှိချိန်တွင် နယူးယောက်မြို့အား ခြိမ်းခြောက်မှုကို လက်ခံမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒါဟာ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးပါ။ အကြမ်းဖက်မှုက ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကို နေရာအနှံ့အပြားက ခြိမ်းခြောက်ဖို့ကြိုးစားနေပါတယ်” ဟု နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ဆိုသည်။

အချင်းဖြစ်ပွားပြီးနောက်တွင် ရဲတပ်ဖွဲ့ကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း နှင့် အများပြည်သူတို့အား အုတ်အော်သောင်းနင်းမဖြစ်စေရန် တိုက်တွန်းထားကြောင်း ၎င်းကဆိုသည်။

အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး Sarah Sanders က တိုက်ခိုက်ရန်ကြိုးပမ်းအားထုတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး “ ဒီအကြမ်းဖက်လုပ်ရပ်တွေဟာ စက်ဆုပ်ဖွယ်ကောင်းပါတယ်” ဟုဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.