Connect with us

Videos

ဆင်းရဲမှုလျှော့ချရေး စံပြရွာ စီမံကိန်းသို့ တရုတ်သံအမတ် သွားရောက်ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းတွင် ပါဝင်သော နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ ကျေးရွာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က အောက်တိုဘာလ ၂၃ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ရွာသူရွာသားများအား သီတင်းကျွတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

“တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်းဟာ အောင်မြင် မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီစီမံကိန်းကြောင့် အေးချမ်းသာ ရွာသူရွာသားတွေ ချမ်းသာလာ ကြမယ်လို့ မျှော်လင့်ပါတယ်၊ ဒီရွာကနေ ရရှိလာမယ့် အောင်မြင်မှု အတွေ့အကြုံကောင်းတွေကို တခြား ကျေးရွာတွေမှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တရုတ်နိုင်ငံရဲ့ စီးပွား ဖွံ့ဖြိုး တိုး တက်မှု အတွေ့အကြုံတွေကို မြန်မာနိုင်ငံအတွက် မျှဝေပေးချင်ပါတယ်၊ နှစ်နိုင်ငံအကြားမှာ One Belt, One Road စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေပါတယ်၊ တရုတ် – မြန်မာ စီးပွားရေး စြင်္ကံ စီမံကိန်း ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီစီမံကိန်းတွေကို ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ ချမ်းသာလာမယ်လို့ မျှော်လင့်ပါတယ်” ဟု သံအမတ် ကြီးက ပြောခဲ့သည်။

တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ရွာသူရွာသားများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား ဆန်၊ ဆီ အစရှိသည့် စားသောက်ဖွယ်ရာများ၊ ကျောင်းသုံးပစ္စည်းများကို သီတင်းကျွတ် လက်ဆောင်အဖြစ် ပေးလှူခဲ့ပြီး လက်ဆောင်ပေးလှူပွဲ အခမ်းအနားသို့ တက်ရောက် လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဌာနခွဲ(ယူနန်ပြည်)မှ တဝန်ရှိသူများ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ ဒေသခံ ရပ်မိရပ်ဖများက အေးချမ်းသာ ကျေးရွာတွင် အကောင်အထည်ဖော်လျက်၇ှိသည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.