ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ခါကာ ဘိုရာဇီ ဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ်နေရာအဖြစ် သတ်မှတ်နိုင်ရေး အတွက် ယူနက်စကို (UNESCO) သို့ အမည်စာရင်း တင်ပြခြင်းများအား ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေ အနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ၁/၂၀၁၇...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် သြင်္ကန်ကာလတွင် ပုံမှန်ရထားများအပြင် သြင်္ကန်အထူး ရထားများကို ခရီးသွားများသော သြင်္ကန်မတိုင်မီ နှင့် သြင်္ကန်ပြီးကာလများ၌ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေးဌာနခွဲမှ သိရသည်။
မော်စကို ၊ မတ် ၃ဝ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က တိုင်းပြည်၏ စစ်အင်အားကို ၁.၉ သန်းအထိ ရောက်ရှိစေရန် လာမည့် ဇူလိုင်လမှ စတင်ကာ တပ်သားသစ် ၁၈ဝဝဝ ထပ်မံဖြည့်တင်းသွားရန် အမိန့်ပေးထားကြောင်း မတ်လ ၂၉ ရက်က ထုတ်လွှင့်ခဲ့သော ရုရှားအစိုးရတရားဝင် အင်တာနက်စာမျက်နှာတွင်...
နေပြည်တော်၊ မတ်လ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ယခင် သစ်တော ကျူးကျော် လယ်မြေများနှင့် သီးနှံများအတွက် နစ်နာမှု ထောက်ပံ့ကြေးငွေ ကျပ် ၉၄၂ သန်းခန့်အား နေပြည်တော် စည်ပင် သာယာရေး ကော်မတီက တောင်သူများသို့ပေးအပ်ခဲ့သည်။