Connect with us

North America

လော့စ်အိန်ဂျလိစ်တွင် ယာဉ်အများအပြားဆင့်တိုက်မိ၍ လူ ၄၀ကျော် ဒဏ်ရာရရှိ

လော့စ်အိန်ဂျလိစ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်ဆင့်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ဘတ်စ်ကားတစ်စီးအပါအဝင် ယာဉ်အများအပြား ဆင့်တိုက်မိ၍ အနည်းဆုံး လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

Nordhoffမြို့ ရှိ တောင်ဘက်သို့ဦးတည်နေသော အမှတ် 405 အဝေးပြေးလမ်းမတစ်ခုတွင် ဒေသစံတော်ချိန် နေ့လည် တစ်နာရီ တွင် ဘတ်စ်ကားတစ်စီးသည် လမ်းလယ်ကျွန်းတုံးကို ကျော်၍ တစ်ဖက်ယာဉ်ကြောမှ ခရီးသည်တင်ယာဉ်တစ်စီးကို တိုက်မိခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာန (LAFD) ၏ ပြောကြားချက်အရ သိရသည်။

မီးသတ်ဝန်ထမ်းများသည် လူ ၄၀ကျော်ကို ကယ်ထုတ်ပေးခဲ့ပြီး ၂၅ဦးကို လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အသက် ၃၀ နှစ်မှ ၈၈ နှစ်အတွင်းရှိ လူကြီး ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း နှင့် အဝေးပြေးလမ်းမပေါ်၌ ယာဉ်မတော်တဆဖြစ်ပွားခြင်းသည် ယာဉ်တိုက်မှုတွင်ပါဝင်သူများအတွက်သာမက ကယ်ဆယ်ရေးသမားများ နှင့် ဘေးမှ ကြည့်ရှုနေသူများအတွက်ပါ အလွန်အန္တရာယ်များကြောင်း LAFD ကပြောကြားခဲ့သည်။

မီးသတ်ဝန်ထမ်းများရောက်ရှိလာချိန်တွင် အဝေးပြေးလမ်းမတစ်ဖက်စီတွင် လမ်းလယ်ကျွန်းတုံးအပျက်အစီးများ လွင့်စင်နေပြီး ကားလမ်းများပိတ်ဆို့ကုန်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာမှ ဗီဒီယိုမှတ်တမ်းများအရ အဖြူရောင်ဘတ်စ်ကားသည် လမ်းအား ကန့်လန့်ဖြတ်ရပ်တန့်နေပြီး အဆိုပါ ဘတ်စ်ကား နှင့် အနီးအနားရှိ အဖြူရောင်ယာဉ်တစ်စီး ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းသီးသန့်စင်းလုံးငှားဘတ်စ်ကားသည် Inglewood မြို့ ဘုရားကျောင်းတစ်ခုတွင်ပြုလုပ်သော ဖိုရမ်တစ်ခုမှ အနည်းဆုံး လူ ၃၇ဦးကို တင်ဆောင်လာကြောင်း ပြည်တွင်းသတင်း KTLA-TV ကဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.