Connect with us

Europe

တရုတ်နိုင်ငံဝန်ကြီးချုပ် နယ်သာလန်သို့ တရားဝင်အလည်အပတ်ခရီးစဉ်ရောက်ရှိ

နယ်သာလန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသည့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

အက်စတာဒန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် နယ်သာလန်နိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ်ရောက်ရှိလာပြီး တရုတ်ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ၁၄နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

အလည်အပတ်ခရီးစဉ်အတွင်း လီသည် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့် အပြင် အခြားခေါင်းဆောင်များ နှင့်လည်းတွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ တရုတ်-ဥရောပ ဆက်ဆံရေး၊ ကမ္ဘာ့အရေး၊ ဒေသအရေးများ နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် Hagueမြို့တွင် ပြုလုပ်မည့် စီးပွားရေးဖိုရမ်တစ်ခု၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ စလုံးသည် လေကြောင်း၊ စွမ်းအင်၊ ငွေကြေး နှင့် အခြားကဏ္ဍများ နှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်စာတမ်းများကိုလည်း လက်မှတ်ရေးထိုးသွားမည်ဟု မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.