ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော အဆင့်အလိုက် ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိ ရရှိနေသော မူရင်းလစာ၏ နှစ်ဆ တိုးပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဂျကာတာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ ဂျာဗားပြည်နယ်၌ နိုဝင်ဘာလ ၁၆ ရက် ညသန်းခေါင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ ဒါဇင်များစွာ ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။
မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် မိခင်နိုင်ငံ ပြင်ပ၌ နေထိုင်ကြသော နိုင်ငံတကာမှ ပြည်သူများက မဲလ်ဘုန်းမြို့မှာ ကမ္ဘာပေါ်၌ နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်ကြောင်း ပြောကြားကြသည်ဟု နိုင်ငံတကာ လေ့လာမှု စစ်တမ်း တစ်ခုအရ သိရသည်။
ဂျကာတာ၊နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တရားရုံးချုပ်က တရားမဝင် သစ်မှောင်ခိုထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအား ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ( အင်ဒိုနီးရှားရူပီးယား ၁၆.၂၄ ထရီလီယံ) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဝန်ကြီးဌာနသည် အဆိုပါ အမှုတွင်အနိုင် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၊ FMM-MATRADE Export Acceleration Mission ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက် တွင် လာရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။