Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၃၆ ခုကို အမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲသတ်မှတ်

တရုတ်နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အရေးပါသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၃၆ ခုကို နိုင်ငံတော်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက် ပြည်သူ့ဥယျာဉ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ၊ ယင်းမှာ အကျယ်အဝန်းအားဖြင့် စုစုပေါင်း မြေဟက်တာ ၆၁ဝ,ဝဝဝ အထိ ရှိကြောင်း အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေး(NCHA) က ဆိုသည်။

အခြား ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၆၇ ခုကိုလည်း အဆိုပါ အမျိုးသားဥယျာဉ်စာရင်းတွင် ထည့်သွင်းနိုင်ရန် လေ့လာသုံးသပ်မှုများပြုလုပ်လျက်ရှိကြောင်း NCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။ပြည်သူ့ဥယျာဉ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများမှာ ယခုအခါ ဒေသခံလူမှုအဖွဲ့အစည်းများနှင့်ပိုမို ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး ဒေသတွင်း အထိမ်းအမှတ်နေရာများ ဖြစ်လာခဲ့ကြောင်း နှင့် ဒေသခံများ အားလပ်ရက် အပန်းဖြေအနားယူရန် နေရာများဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ် ၂၂ ခုမှာ ကလေးငယ်များအတွက် ရှေးဟောင်းနယ်မြေ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေး အသိပညာများ တိုးပွားစေရန်လည်း အထောက်အပံ့ဖြစ်စေခဲ့ကြောင်း သိရသည်။NCHA ၏ ထုတ်ပြန်ချက်အရ ၂ဝ၁၄ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အတွင်း အမျိုးသားဥယျာဉ်များသို့ လာရောက်လည်ပတ်ကြသော ဧည့်သည်အရေအတွက်မှာ သန်း ၈ဝ ကျော်ခန့်ရှိပြီး လည်ပတ်မှုထက်ဝက်ကျော်ခန့်မှာ ဝင်ကြေး အခမဲ့ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)