နယူဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (သြဂုတ်လ ၁၃ ရက်) မြေပြိုမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ဘတ်စ်ကား နှစ်စီး မြေဖုံးလွှမ်းခံရပြီး အနည်းဆုံး လူ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စားနပ်ရိက္ခာဘေးကင်းရေး အာဏာပိုင်က ဥရောပ နိုင်ငံများ၌ ကြက်ဥအချို့တွင် ပိုးသတ်ဆေးပါဝင်ကြောင်း တွေ့ရှိပြီးနောက် ဥရောပမှ တင်သွင်းလာသော ကြက်ဥများ စစ်ဆေးခြင်းအား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟောင်ကောင် အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူးက သြဂုတ်လ...
ဂျကာတာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘန်ကူလုပြည်နယ်တွင် အင်အား ၆.၆ ရစ်ချ်တာစကေးရှိသော ငလျင် တစ်ခု ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒဋ္ဌာန တာဝန်ရှိသူ မူဟာမတ်တီဇမ်က ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၃ ခုမှ လူဦးရေ ၃၃၁ ဦး ရေဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
ဒမတ်စကက်စ် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဆီးရီးယား နှင့် ဂျော်ဒန် နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့တစ်မြို့အနီးတွင် သြဂုတ်လ ၁၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဆီးရီးယားသူပုန် တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးသွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။