ရှီဇူအိုကာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု (Nanjing Massacre) အောက်မေ့ဖွယ် အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ကာမန်ပြည်နယ် ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၁ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ချန်းရှ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ခေါင်မိုးအစွန်အဖျားတွင်ဓါတ်ပုံများရိုက်ကူးခြင်းဖြင့် နံမည်ကြီးလာသူ အသက် ၂၆ နှစ်အရွယ် ဝူရောင်နင်း( wu youngning) ဆိုသည့် selfie ဝါသနာရှင် မှာ နိုဝင်ဘာလအစောပိုင်းက တရုတ်နိုင်ငံချန်းရှရှိ ၆၂ ထပ်အမြင့်ရှိသည့်အဆောက်အဦးပေါ်သို့ ဓါတ်ပုံ selfie ရိုက်ကူးရန် တက်ရောက်စဉ် ခြေချော်ကာပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။ ၎င်း၏...
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ကမာကြည်လမ်းရှိ Yangon Pan. Pacific International ကိုရီးယား အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် ကျပ် သိန်း ၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပြုံယမ်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ကြောင်း Korean Central News Agency (KCNA) ကဖော်ပြခဲ့သည်။