Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ တစ်သန်းကျော် ရိုက်နှိပ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ လွှဲပြောင်းအပ်နှံမှုအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် တစ်သန်းကျော် ရိုက်နှိပ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာအတွက် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း ၄၅၂,၇ဝဝ၊ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲ လက်မှတ်အရွက်ရေ စုစုပေါင်း ၂၃၃,၉၅ဝ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေ စုစုပေါင်း၃၄၇,၅ဝဝ နှင့် တိုင်းရင်းသား လူမျိုးရေးရာလစ်လပ် မဲဆန္ဒနယ်အတွက် ဆန္ဒမဲလက်မှတ် အရွက်ရေစုစုပေါင်း ၉၄,၉ဝဝ စုစုပေါင်း ဆန္ဒမဲလက်မှတ်အရွက်ရေ စုစုပေါင်း ၁,၁၂၉,ဝ၅ဝ ရိုက်နှိပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များကို နေပြည်တော် ပုံနှိပ်စက်ရုံတစ်ရုံတည်း၌ သြဂုတ်လ ၂၉မှ ၃၁ ရက်အထိ သုံးရက်ကြာ ပုံနှိပ်ဆောင်ရွက်ခဲ့ကြောင်း၊ မဲလက်မှတ်များ၏ စက္ကူများသည် လုံခြုံရေးအမှတ်အသား ရေစာပါဝင်သော အင်ဒိုနီးရှားနိုင်ငံထုတ် 80 GSM Woodfree အဝါရောင်စက္ကူနှင့် ရိုက်နှိပ် ခဲ့ကြောင်း၊ ဆန္ဒမဲလက်မှတ် စတင်ပုံနှိပ်သည့် အချိန်ကစပြီး ပြန်ကြားရေးဝန်ကြီးရုံးမှ တစ်ဆင့် သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ကျော်စိုးက ပြောကြားသည်။

”ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အနေနဲ့ကတော့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ခု ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒ မဲလက်မှတ်တွေကို လုံခြုံမှုရှိရှိနဲ့ အဆင့် အတန်းပြည့်မီစွာ ပုံနှိပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ဖြစ်ကြောင်း၊ လစ်လပ်တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့ တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ ရှမ်းတိုင်း ရင်းသားလူမျိုး မဲဆန္ဒနယ်တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.