Connect with us

Africa & Middle East

အီရတ် လွှတ်တော်မှ Barham Salih အား သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်

အီရတ် သမ္မတ Barham Salih အား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံတွင် အောက်တိုဘာ ၂ ရက်က လွှတ်တော်အစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးတွင် အီရတ်နိုင်ငံ Kurdistan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယခင်ဝန်ကြီး ချုပ်ဟောင်း Barham Salihအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

လွတ်တော် အစည်းအဝေးတွင် ပထမအကြိမ်မဲခွဲဆုံးဖြတ်ရာ၌ သမ္မတအဖြစ်ရွေးကောက်တင်မြောက် ရန် လိုအပ်သည့် ဆန္ဒမဲ သုံးပုံ နှစ်ပုံကျော်ကို မည်သူမျှ ရရှိခဲ့ခြင်းမရှိပေ။ ဒုတိယအကြိမ် မဲပေးဆုံးဖြတ် ရာတွင် Patriotic Union of Kurdistan(PUK) ပါတီမှ အမည်စာရင်းတင်သွင်းထားသည့် Barham Salihuက ဆန္ဒမဲ ၂၇၂မဲတွင် ၂၁၉ မဲ ရရှိခဲ့ပြီး Kurdistan Democratic Party(KDP)ပါတီမှ Fuad Hussein က ၂၂မဲ ရရှိခဲ့သောကြောင့် Barham Salihuက အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် Barham Salihuက သမ္မတ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ “အီရတ် သမ္မတအဖြစ် ရွှေးချယ် တင်မြောက်ခံရခြင်းက အင်မတန်ဂုဏ်ယူဖွယ်ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အီရတ်ရဲ့ညီညွှတ်မှု နဲ့ လွတ်လပ်မှုကို ကာကွယ်သွားမှာဖြစ်ပါတယ်”ဟု ၎င်း၏ အမှာစကားတွင် ပြောကြားခဲ့ သည်။

Barham Salihuသည် ၁၉၆၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အီရတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် Kurdistan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

အီရတ်စစ်ပွဲပြီးနောက် ဘက်ပေါင်းစုံ နိုင်ငံရေးနားလည်မှုများအရ အီရတ်အစိုးရ ဝန်ကြီးချုပ် ရာထူးကို Shia Islamမှ လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌရာထူးကို Sunni Islamမှ လည်းကောင်း ၊ သမ္မတနေရာကို Kurdsမှ လည်းကောင်း အသီးသီး တာဝန်ယူခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.