ဘရာဇီဗဲလ် ၊ စက်တင်ဘာ၂၀ ရက်(ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ်ဖလိုင်း(Michael Flynn)ကို ရုရှားအရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ(Robert Mueller)၏ စစ်ဆေးမှုတွင် လွန်ခဲ့သော တစ်နှစ်က FBI သို့လိမ်လည်ထွက်ဆိုမှုဖြင့် လာမည့် ဒီဇင်ဘာ ၁၈ ရက်တွင် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉...
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။ ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်တို့က ပြောကြားခဲ့သည်။(Xinhua)
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပြုံယမ်းတွင် ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အပြင် ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်ကလည်း ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ်...
ချုံချင့်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့ မြောင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်ရှိ ကုန်းထန်းရှေ့ဟောင်းမြို့လေးသည် ဝူးကျန်းမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိရာ ဝေးလံသော်လည်း သာယာလှပပြီး ဆိတ်ငြိမ်အေးချမ်း သည့် သမိုင်း နှစ်ပေါင်း ၁၇၀၀ ကျော်ရှိသည့် မြို့လေးဖြစ်သည်။