Connect with us

Africa & Middle East

ကွန်ဂို (ကင်ရှာဆာ)တွင် ရေယာဉ်နစ်မြုပ်မှုကြောင့် လူ ၂၇ ဦး သေဆုံး

ကွန်ဂို(ကင်ရှာဆာ)သင်္ဘောနစ်မြုပ်မှုတစ်ခုတွင် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရာဇီဗဲလ် ၊ စက်တင်ဘာ၂၀ ရက်(ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ရေယာဉ်နစ်မြုပ်မှုမှာ Mongalaပြည်နယ်ရှိ Mongalaမြစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ခရီးသည်များနှင့်ကုန်ပစ္စည်းများကိုတင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် မြစ်ထဲတွင် လုံး၀ နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး လူအချို့ပျောက်ဆုံးနေကြောင်း သိရသည်။

သင်္ဘောကပ္ပတိန်နှင့်သဘောၤသားများက သင်္ဘောနစ်မြုပ်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်း မျက်မြင်သက်သေတစ်ဦးပြောသည်ဟု Mongalaပြည်နယ် အရာရှိက ဆိုသည်။

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မြစ်ချောင်းအင်းအိုင် ပေါများသောကြောင့် ရေလမ်းခရီးမှာ ဒေသခံပြည်သူအများ သွားလာရာတွင် အဓိက အသုံးပြုကြပြီး ရေယာဉ်နစ်မြုပ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.