ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးကာ တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသမီးတစ်ဦးသည် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ချက်ချင်း ပိတ်ပင်ပေးရန် အိန္ဒိယနိုင်ငံ တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပြီး လျှောက်ထားရခြင်းအကြောင်းရင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းသူတစ်ဦးဖြစ်လာပြီး ရလဒ်အနေဖြင့် ၎င်း၏ မိသားစုဘဝ ပြိုကွဲခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဘွန်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့သည် ဖေဖော်ဝါရီ ၁၇ ရက်ကတွေ့ဆုံခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရန် အတူတကွ လက်တွဲလုပ်ဆောင်သွားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးရောင်းချသူနှင့် တစ်ဆင့် ပြန်လည် ရောင်းချသူ များအား မူးယစ်ဆေးဝါးများ နှင့် အတူ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။