ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့် ဗီယက်နမ်တို့သည် ပင်လယ်ရေကြောင်းသွားလာမှုကိစ္စရပ်များနှင့် ပတ်သက်၍ မတူကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲပြီး ထိန်းချုပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နိုဝင်ဘာလ ၏ ပျမ်းမျှ ညအပူချိန်အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများ ဆောင်းသီးနှံ များအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေကျပ်(၄၅၃ဝဝ.၉၅)သန်းအား ထုတ်ချေးပေးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင်ကျင်းပသော Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် အလှမယ် စန္ဒီမင်းအောင် က Miss Star Plus Size 2017 ဆုနှင့်Miss Popular...