ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှား နယ်စပ် တစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ယူကရိန်း၊ ရုရှားနှင့် အခြား အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ပေါ်တူဂီ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ လက်ရွေးစင် ကစားသမား နှင့် စပိန်နိုင်ငံ ရီယဲလ်မက်ဒရစ် ဘောလုံးအသင်း၏ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုသည် ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေ အများဆုံး အားကစားသမားအဖြစ် အရွေးခံရကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု (၃၆)မှုဖြစ် ပွားခဲ့ပြီး အမျိုးသား(၅)ဦး၊ အမျိုးသမီး(ရ)ဦး စုစုပေါင်း (၁၂)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အော့တဝါ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အစွန်းရောက် အကြမ်းဖက်မှု ပုံစံအားလုံးအား တိုးမြှင့် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ဖေဖော်ဝါရီလ ၄ ရက်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ (Theresa...
ဒူဘိုင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပုံမှန် စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။