Connect with us

Europe

အစ္စရေး က ယခင် Amos 6 ဆက်သွယ်ရေး ဂြိုဟ်တု ပေါက်ကွဲသွားပြီးနောက် Amos 8 ဂြိုဟ်တုအား ထပ်မံတည်ဆောက်မည်

ဖလော်ရီဒါပြည်နယ် ရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် Amos 6 ဆက်သွယ်ရေး ဂြိုဟ်တုပေါက်ကွဲစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျေရုဆလင်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အစိုးရ သည် ဖလော်ရီဒါပြည်နယ် ရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်း လွှတ်တင်ရေးစင်တွင် လွန်ခဲ့သည့် ၂နှစ်က Amos 6 ဆက်သွယ်ရေး ဂြိုဟ်တုပေါက်ကွဲခဲ့ပြီးနောက် Amos 8 ဆက်သွယ်ရေးဂြိုဟ်တု ဖန်တီးတည်ဆောက်မှု အား စက်တင်ဘာ ၁ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာ တွင် Amos 5 ဂြိုဟ်တုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကာ ထပ်မံ၍ Amos 6 ဂြိုဟ်တုပေါက်ကွဲခဲ့ပြီးနောက် အစ္စရေးနိုင်ငံ၏ ဂြိုဟ်တုလုပ်ငန်းတွင် အကြီးအကျယ် အကျပ်အတည်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မတ်လ တွင် အစ္စရေးနိုင်ငံ ဂြိုဟ်တုလုပ်ငန်း Spacecom က ၎င်း၏ နောက်ထပ် ဂြိုဟ်တုကို ကယ်လီဖိုးနီးယားအခြေစိုက် Loral ကုမ္ပဏီမှ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.