ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) MRTV ၏ Multi-Channel Play out System တွင် ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ရွေးချယ်မှုအတွက် ပဏာမ ၁၀ ဦး စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...
ကိုလံဘို၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသော အိန္ဒိယ ငါးဖမ်းသမား ၅ ဦးအား ဖေဖော်ဝါရီလ ၂ ရက်က သီရိလင်္ကာ ရေတပ်က ဖမ်းဆီးမိခဲ့ကြောင်း ရေတပ် မီဒီယာဋ္ဌာနက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွား ကဏ္ဍပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ယခုအခါ ရန်ကုန်မြို့တွင်း၌ မော်တော်ယာဉ်များ မီးလောင်မှုဖြစ်ပွားလာခြင်း ကြောင့် မော်တော် ယာဉ်မီးလောင်လျှင် အရင်ဆုံးလုပ်သင့်သော အချက်အလက်များပါဝင်သည့် ပညာပေး လက်ကမ်းစာစောင်များကို ကားဝင်းများ၌ လိုက်လံဝေငှကာ အသိပညာ ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်း ခရိုင် အမှတ်(၉) ယာဉ်ထိန်းရဲ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှီးအန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) လူသား အပါအဝင် အသက် အကြီးဆုံး သက်ရှိဗီဇအုပ်စုဝင် တစ်ခုဟု ယုံကြည်ရသည့် နှစ်သန်းပေါင်း ၅၃၅ ခန့်ရှိပြီး သေးငယ်လှသော သတ္တဝါ တစ်မျိုးကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။