Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အာဖရိကအရေး ဆောင်ရွက်ရာတွင် ခိုင်ခိုင်မာမာလက်ကိုင်ထားသည့် အကြောင်းအရာ (၅) ရပ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မိန့်ခွန်းစကားပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မဟာပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် စိတ်ရင်းစေတနာမှန်ခြင်း၊ ရင်းနှီးချစ်ကြည်ခြင်း၊ တရား မျှတခြင်းကို လက်ကိုင်ထား ကာ သန်းပေါင်း ၁၃၀၀ ကျော်ရှိသော တရုတ်ပြည်သူများက သန်း ပေါင်း ၁၂၀၀ ကျော်ရှိသော အာဖရိကတိုက်နေပြည်သူများနှင့်အတူ သဘောထားတူ၊ ကြမ္မာတူ ရပ်တည်သွား မည်ဖြစ်သလို အာဖရိကတိုက်အား လေးစားချစ်ခင်ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာလက်ကိုင်ထားသည့် အကြောင်းအရာ (၅)ရပ်ရှိကြောင်း ရှီက ပြောကြားခဲ့ပြီး ၎င်းတို့မှာ-

၁။ အာဖရိကတိုက်နိုင်ငံများက မိမိနိုင်ငံအခြေအနေဖြင့်ကိုက်ညီသည့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေ

လျှောက်လှမ်းရာတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း

၂။ အာဖရိကတိုက်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း

၃။ မိမိ၏ သဘောဆန္ဒများကို အတင်းအကြပ်ဆောင်ရွက်မည်မဟုတ်ကြောင်း

၄။ အာဖရိကတိုက်အား ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင် မည်သည့် နိုင်ငံရေးတောင်းဆိုချက်မျှ ထပ်ဆောင်းပါဝင်မည်မဟုတ်ကြောင်း

၅။ အာဖရိက၏ ရင်းနှီးမြုပ်နှံမှုများတွင် နိုင်ငံရေးအကျိုးအမြတ်ထုတ်ယူမည်မဟုတ်ဖြစ်ကြောင်း ပါဝင်သည်။ ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံအသီးသီးက အာဖရိကအရေးကိစ္စများကို ဆောင်ရွက် ရာတွင် အထက်ပါ အကြောင်းအရာ(၅)ရပ်ကို လက်ကိုင်ထားကြရန် မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံ သည် အာဖရိကတိုက်၏ မိတ်ကောင်းဆွေကောင်း၊မိတ်ဖက်ကောင်း၊ညီအကိုကောင်း အဖြစ် ထာဝရရှိမည်ဖြစ်ကြောင်း ၊ မည်သူကမျှ တရုတ်-အာဖရိက ပြည်သူများ၏ စည်းလုံးညီညွတ်မှု ကို မဖျက်ဆီးနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.