Connect with us

Politics, Law & Military

သမ္မတရှီက အာဖရိကနိုင်ငံများအတွက် ကြွေးမြီများ လျှော်ပေးမည်ဟု ဆို

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး၌ အဖွင့်မိန့် ခွန်းပြောကြားနေသော သမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့မပေးဆပ်ရသေးသည့်ချေးငွေများကျန်ရှိနေသည့် အာဖရိကနိုင်ငံများအား ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြွေးမြီများ လျှော်ပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ အကြွေးကင်းလွတ်ခွင့်ကို တရုတ်နိုင်ငံနှင့်သံတမန် ဆက်ဆံရေး ထူထောင်ထားသည့် အာဖရိကတိုက်၏ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ ၊ ကြွေးမြီထူပြောသောနိုင်ငံများ နှင့် ဆင်းရဲသောနိုင်ငံများ ၊ ကုန်းတွင်းပိတ် နှင့် ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံများအတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး၌ အဖွင့်မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)