ရီယာ့ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံက ယီမင်နိုင်ငံရှိ ဟူတီ(Houthi) စစ်သွေးကြွ သူပုန်အဖွဲ့မှ ခေါင်းဆောင် ၄ဝ ဦး၏ သတင်းအချက်အလက်များကို ပေးပို့လာပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်ဟု ဆော်ဒီသတင်းအေဂျင်စီက...
ရီယတ်ဒ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့အနီး၌ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဆော်ဒီမင်းသား Mansoor bin Mogren သေဆုံးသွားကြောင်း နှင့် မင်းသားနှင့်အတူအခြား အစိုးရအရာရှိများလည်း ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်ကြောင်း Al Akhbariya ဒေသတွင်း မီဒီယာက အတည်ပြုဖော်ပြခဲ့သည်။
ဟူစတန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တက္ကဆက်ပြည်နယ် Sutherland Springs ရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်းတစ်ခု၌ နိုဝင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့ဝတ်ပြုချိန်) တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၆ ဦးသေဆုံးသွားကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။
လာဆာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ၎င်း၏ ပထမဆုံး နှင့် ကမ္ဘာ့အမြင့်ဆုံး နက္ခတာရာစခန်းအား ၂၀၁၈ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။