ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၁၀ ရက်က အင်အား ၅.၇ မဂ္ဂနီကျု ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ၁၁ဦး ထက်မနည်းသေဆုံးပြီး လူ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် နှင့် ရုရှား နိုင်ငံတို့က စက်တင်ဘာလ ၁ဝ ရက်တွင် အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဆီးရီးယား နိုင်ငံအစိုးရက သဘောတူလက်ခံလိုက်ကြောင်း ဆီးရီးယားနိုင်ငံပိုင်း SANA သတင်းဌာနက ဖော်ပြလိုက်သည်။
ပေကျင်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ Tsinghua တက္ကသိုလ်၌ စက်တင်ဘာလ ၁ဝ ရက်ကပြုလုပ်သည့် တရုတ်-အမေရိကန် ဆွာဇမန်ကောလိပ် (Schwarzman) ဖွင့်ပွဲအခမ်းအနားသို့ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ်နှင့် BRICS နိုင်ငံများက တည်ထောင်ထားသည့် New Develpoment Bank (NDB) တို့သည် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား စက်တင်ဘာလ ၉...