Connect with us

Latin America

ပါရာဂွေးနိုင်ငံတွင် ရဲတပ်ဖွဲ့၏ လက်နက်တိုက်မှ လက်နက်များပျောက်ဆုံးမှုအား စုံစမ်းစစ်ဆေး

ပါရာဂွေးနိုင်ငံမှ တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရာဂွေး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပါရာဂွေးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန သည် ရဲတပ်ဖွဲ့၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော လက်နက်များ ပျောက်ဆုံးနေသော ကိစ္စရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဝန်ကြီးဌာနသည် အဆိုပါ အခြေအနေအား ရှင်းလင်းစွာသိရှိရန် ပြည်သူ့ရှေ့နေရုံး နှင့် အမျိုးသားရဲဌာန တို့ နှင့် လက်တွဲဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး Juan Ernesto Villamayor က သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

FAL ရိုင်ဖယ် သေနတ် ၄၄ လက် ပျောက်ဆုံးသွားပြီး ၎င်းတို့နေရာတွင် ပုံစံတူ သစ်သားသေနတ် နှင့် ပလက်စတစ်သေနတ်များဖြင့် အစားထိုးထားကြောင်း သိရသည်။

အမျိုးသားရဲဌာန ၏ လက်နက်ခဲယမ်းဌာနခွဲ က လက်နက်ခဲယမ်းများ သိမ်းဆည်းထားမှုကို ဇူလိုင်လအစောပိုင်းတွင် ပြန်လည်စစ်ဆေးခဲ့စဉ် ယင်းပျောက်ဆုံးမှုအားသိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်များ ပြန်လည်ရှာဖွေမှုသည် တစ်လနီးပါး နှောင့်နှေးခဲ့သည့်အပြင် မကြာသေးခင်အချိန်အထိ တပ်မှူးဆီသို့ အစီရင်ခံစာ တင်ပြခြင်းမရှိခဲ့ကြောင်း သိရသည်။

အခြားရှာဖွေတွေ့ရှိမှုများအရ ယခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လအတွင်း လက်နက် အလက် ၉၀ထက် ပို၍ ပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းဌာနမှ အကြီးအကဲအား တာဝန်မှ ရပ်နားခဲ့ပြီး ၎င်းသည် ရာထူးလက်ခံခဲ့သော ဇန်နဝါရီလမှ စ၍ လက်နက်ပစ္စည်းများအား အနီးကပ်စစ်ဆေးရန် ပျက်ကွက်ခဲ့သည့် ၎င်း၏အမှားအား ဝန်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.