ဘန်ကောက်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အရှေ့စီးပွားရေးစြင်္ကံ (Eastern Economic Corridor= EEC) စီမံကိန်းကို ပတ္တယားမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ခဲ့ပြီး စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအသစ်များ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း EEC ရုံး အထွေထွေအတွင်းရေးမှူး Kanit Sangsubhan...
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်နယ်များစွာ၌ လူသတ်မှုနှင့် လူမှုရေးအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ အရွယ်ရောက်ပြီးသူ ၂,၆၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ၃၄၀ ဦးခန့်တို့အား ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၃ဦးရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဘက်အခြမ်း ဇီးပင်ချောင်း ချောင်းဝကင်းစခန်း တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထပ်မံခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။