ကိုလမ်ဘို၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အနောက်မြောက်ဘက် Delft ကျွန်း ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် အိန္ဒိယ ငါးဖမ်းသမား လေးဦးအား ဖမ်းဆီးခဲ့ကြောင်း သီရိလင်္ကာ ရေတပ်က ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့နယ်၌ လေဆိပ်သစ် တည်ဆောက်လျက်ရှိရာ ၂ဝ၂၁ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကို ဇူလိုင်လတွင် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အထူးအစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့် စတင်ခွင့်ပြုချိန်မှ ယခုနှစ်မေလထိ စုစုပေါင်း မော်တော်ယာဉ်ပါမစ် ၅၈၇,၄ဝ၂ စီးအားခွင့်ပြုဆောင်ရွက်ပေးခဲ့ပါကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောကြားခဲ့သည်။
မိုဆူးလ်၊ ဇွန်လ ၂၂ ရက် (ဆင်ဟွာ) မိုဆူးလ်မြို့ အနောက်ပိုင်း ရှိ သမိုင်းဝင် အယ်နျူရီ ဗလီ အနီးသို့ အီရတ်တပ်ဖွဲ့ဝင်များ ချီတက်လာ၍ အစွန်းရောက် IS စစ်သွေးကြွတို့သည် ယင်းဗလီအား ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း အီရတ် စစ်တပ် ကပြောကြားခဲ့သည်။