Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဘက်အခြမ်း ဇီးပင်ချောင်း ချောင်းဝကင်းစခန်း တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသို့ဝင်ရောက်လာသော ကျွဲများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ခြမ်းမှ ဝင်ရောက်လာသည်ကို စိစစ်တွေ့ရှိရ၍ ပြန်လည်လွှဲပြောင်းပေးမှု၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း လှည့်ကင်းဆောင်ရွက်ရန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်း ညှိနှိုင်းဖလှယ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ယင်း တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၇ ဦး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်မှ ၉ ဦးနှင့် ကျွဲပိုင်ရှင်တို့ တက်ရောက်ခဲ့ကြသည်။(Xinhua)