Connect with us

Asia

အရှေ့စီးပွားရေးစြင်္ကံတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို ထိုင်းနိုင်ငံ ဖိတ်ခေါ်

၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ မိန့်ခွန်းပြောကြားနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ အရှေ့စီးပွားရေးစြင်္ကံ (Eastern Economic Corridor= EEC) စီမံကိန်းကို ပတ္တယားမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ခဲ့ပြီး စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအသစ်များ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း EEC ရုံး အထွေထွေအတွင်းရေးမှူး Kanit Sangsubhan က သြဂုတ်လ ၂၅ ရက်၌ ပြောကြားခဲ့သည်။

“အနာဂတ်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကွန်ရက်ချိတ်ဆက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသည့် အခမ်းအနားအတွင်း ထိုင်းနိုင်ငံ Chachiengsao ချာချီအန်ဆောင်၊ ချွန်ဘူရီနှင့် ရယောင်း ဟူသော ပြည်နယ်သုံးခုကို ထိုင်းနိုင်ငံနှင့် အာဆီယံ ဒေသတွင်း ဦးဆောင် စီးပွားရေးဇုန်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း Kanit က တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

EEC သည် ထိုင်းနိုင်ငံအား ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအဖြစ် တိုးတက်မှုရှိစေရေး အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်ရှိထိုင်းအစိုးရက တွန်းအားပေးလုပ်ဆောင်နေသည့် အထင်ကရ စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-08/26/c_137419408.htm