ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ပြည်ပမှတင်သွင်းသည့် စက်ဆီချောဆီများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်မှစ၍ တင်သွင်းသည့် အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာခဲ့သည်။
ဆူဗာ ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာကျွန်း နိုင်ငံတစ်ခုဖြစ်သည့် ဗာနူအာနိုင်ငံမာလီကူလာ (Malekula) ကျွန်း အရှေ့ဘက် ၇၉ ကီလိုမီတာအကွာရှိပင်လယ်ပြင်တွင် သြဂုတ် ၂၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း...
ကာရာကပ်စ် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ကမ်းရိုးတမ်း၌ သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှု ရှိမရှိကို ချက်ချင်းသတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူးကျင်းပမည့် YSX Expo 2018 ကို စက်တင်ဘာ ၉ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း YSX Expo 2018 အတွက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအားပြောကြားခဲ့သည်။
ဟီနန်၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်နှင့်နိုင်ငံအနောက်တောင်ပိုင်းကိုဆက်စပ်မည့် မြန်နှုန်းမြင့်ရထားမ ရထားလမ်းသစ်တစ်ခုအတွက် တံတားကြီးတစ်စင်းကို တည်ဆောက်လျက်ရှိသည်။အဆိုပါတံတား၏ ပင်မ တာဝါတိုင်မှာ မီတာ ၉ဝ အမြင့်ရှိပြီး တည်ဆောက်ပြီးစီး ပြီဖြစ်သည်။ ထိုတံတားမှာ အခြား မြန်နှုန်းမြင့်ရထားလမ်းတစ်ခုပေါ်တွင် ဖြတ်သန်း တည်ဆောက် ရသောကြောင့်မူလက ပုံမှန်ပြေးဆွဲနေသည့် ရထားများ၏ ခရီးစဉ်များကိုနှောင့်နှေးမှုမရှိစေရန်...