Connect with us

Australia / Oceania

ဗာနူအာနိုင်ငံ မာလီကူလာကျွန်းတွင် အင်အားပြင်း ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်ခဲ့သည့်နေရာအား မြေပုံ၌တွေ့ရစဉ်(အင်တာနက်)

ဆူဗာ ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာကျွန်း နိုင်ငံတစ်ခုဖြစ်သည့် ဗာနူအာနိုင်ငံမာလီကူလာ (Malekula) ကျွန်း အရှေ့ဘက် ၇၉ ကီလိုမီတာအကွာရှိပင်လယ်ပြင်တွင် သြဂုတ် ၂၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိ သေးကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ သတင်း ထုတ်ပြန်ချက်အရ အဆိုပါငလျင်မှာ သြဂုတ်လ ၂၁ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၂ နာရီ ၃၂ မိနစ် ၂၇ စက္ကန့်တွင် တောင်လတ္တီတွဒ် ၁၆.၀၁၇ ဒီဂရီ ၊ အရှေ့ လောင်ဂျီတွဒ် ၁၆၈.၁၅၃ ဒီဂရီ၊ မြေအောက် အနက် ၁၃.၄ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပစိဖိတ် ဆိုနာမီ သတိပေး စင်တာ မှ ယင်းငလျင်နှင့်စပ်လျဉ်း၍ ဆူနာမီ သတိပေး ကြေညာချက် မထုတ်ပြန်ခြင်းမရှိကြောင်း သိရှိရသည်။ဗာနူအာ နိုင်ငံ သည် ပစိဖိတ် သမုဒ္ဒရာ အတွင်း မီးတောင်များ လှုပ်ရှားရာဒေသအတွင်း တည်ရှိနေပြီး မကြာခဏ ငလျင် လှုပ်ခတ်လေ့ရှိကြောင်း သိရှိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.