ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ယနေ့ကျင်းပပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက ရီဘတ်ဗလီကန်ပါတီအပေါ် အောက်လွှတ်တော်၌ မဲနေရာအများစု အနိုင်ရရှိခဲ့ကြောင်း နှင့် အထက်လွှတ်တော်ဆီးနိုတ်၌ ရီဘတ်ဗလီကန်ပါတီက ဒီမိုကရက်တစ်အပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ မြားပစ်ကွင်း၌ လက်ခံကျင်းပလျက်ရှိသည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်အလွတ်တန်း မြားပစ်ပြိုင်ပွဲ တွင် မြန်မာမှ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။