ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးရောင်းချသူနှင့် တစ်ဆင့် ပြန်လည် ရောင်းချသူ များအား မူးယစ်ဆေးဝါးများ နှင့် အတူ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ဘက် Ikoroduမြို့ ရှိ Majidun မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ IS စစ်သွေးကြွအုပ်စုနှင့် ပူးပေါင်းရန် တရားမဝင် စီစဉ်နေ၍ ၎င်းအားမိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် ဂျာကာတာမြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) က မလေးရှားနိုင်ငံ တွင် ဖေဖော်ဝါရီ ၁၃ရက် အသတ်ခံရသည့် မြောက်ကိုရီးယားနိုင်ငံသား၏ ရုပ်အလောင်းအား မလေးရှားနိုင်ငံက ရင်ခွဲစစ်ဆေး၍ ရရှိလာသော ကွယ်လွန်ပြီးဆေးစစ်ချက်မှတ်တမ်းအား ခြွင်းချက်မရှိပယ်ချသွားမည်ဖြစ်ကြောင်း နှင့် ၎င်း၏ ရုပ်အလောင်းအား ချက်ချင်းလွှဲပြောင်းပေးရန် လိုလားကြောင်း ကွာလာလမ်ပူမြို့ရှိ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် မြန်မာ ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက လာရောက် ဖွင့်လှစ်ပေးခဲ့သည်။