Connect with us

Videos

ယန်ဇီမြစ်ကြောင်းတစ်လျှောက် စီးပွားရေးရပ်ဝန်း ဆက်စပ်နေသည့်ပြည်နယ်များနှင့် မြို့များ

ရှန်ဟိုင်း၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)

ယန်ဇီမြစ်တစ်လျှောက်ရှိ ပြည်နယ်များနှင့် မြို့များကို မောင်းသူမဲ့ယာဉ်ဖြင့်ရိုက်ကူးတင်ဆက်ထားသည့် ပုံရိပ်များကို လေ့လာနိုင်ရန် ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ထားပါသည်။ ယူနန်ပြည်နယ်သည် ယန်ဇီမြစ် ပထမဆုံးမြစ်ကြောင်းကွေ့ကောက်ရာနေရာအဖြစ်လူသိများကြသည်။ ယန်ဇီမြစ်တစ်လျှောက်တွင် ရင်သပ်ရှုမောဖွယ် တောင်တန်းမြစ်ချောင်းအလှအပများဖြင့် ကျော်ကြားသည့် ကွေ့ကျိုးပြည်နယ်၊ ယဉ်ကျေးမှုနှင့် သဘာဝသယံဇာတများကြွယ်ဝသည့် စီချွမ်ပြည်နယ်၊ လူတို့ဖန်တီး ပြုပြင်ထားသည့်အရာများနှင့် သဘာဝတရားတို့သဟဇာတမျှတစွာတည်ရှိသည့် ချုံကျင်းမြို့၊ ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် photoelectron လုပ်ငန်းတည်ရှိရာ ထင်ရှားသည့် ဟူပေပြည်နယ်၊ မျိုးသုန်းလုပြီဖြစ်သည့် Finless လင်းပိုင်တို့ကျက်စားရာ Dongting ကန် တည်ရှိသည့်ဟူနန်ပြည်နယ်၊ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၅သိန်းခန့် ကျက်စားရာ ကျန်းရှီပြည်နယ်၊ ယန်ဇီမြစ်ဝှမ်းဒေသနှင့် တရုတ်နိုင်ငံအလယ်ပိုင်းတို့ကို ချိတ်ဆက် သွယ်တန်းပေးသည့် အန်ဟွေးပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ကောင်းမွန်သည့် မြို့ပြများတည်ရှိရာ ကျင်းစုပြည်နယ် တို့ကိုဖြတ်သန်းစီးဆင်းနေသည်။

ထို့အပြင် ကမ္ဘာပေါ်တွင်အကြီးမားဆုံးအလိုအလျှောက် ကုန်သေတ္တာတင် ဆိပ်ကမ်းတည်ရှိရာ တရုတ်နိုင်ငံ၏ မြို့ကြီးတစ်မြို့ဖြစ်သည့်ရှန်ဟိုင်းမြို့ သည်လည်း ယန်ဇီမြစ်ဝတွင်တည်ရှိနေပြီး ၎င်းနှင့် ဆက်စပ်နေသည့် အရှေ့တရုတ်ပင်လယ်ကမ်းရိုးတန်းဒေသ ကျဲ့ကျန်းပြည်နယ်သည်လည်း ကုန်းတွင်းနှင့်လေကြောင်းသွားလာ ဆက်ဆံရေး ၏ အချက်အချာဒေသတစ်ခုဖြစ်သည်။ ယန်ဇီမြစ်ကြောင်းတစ်လျှောက် စီးပွားရေးရပ်ဝန်း ကျယ်ပြန့်ပုံကို ကောင်းကင်ပုံရိပ်များမှ တစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.