ဟန်ကျိုး ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ဟန်ကျိုး မြို့တွင် ကျင်းပတော့မည့် နိုင်ငံ ၂၀ အဖွဲ့အစည်း(G20) ခေါင်းဆောင် ထိပ်သီး အစည်းအဝေး သည် ကမ္ဘာ့အဓိက စီးပွားရေး အသိုက်အဝန်း ခေါင်းဆောင်များ၏ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အပေါ် ညှိနှိုင်းဆောင်ရွက်ရန်...
ဟန်ကျိုး ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က G20 အဖွဲ့ဝင်နိုင်ငံများ၏ အဓိက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်သည် ကမ္ဘာ့နိုင်ငံအားလုံး နှင့် ပြည်သူအားလုံးအတွက် အကျိုးကျေးဇူးများဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်သင့်ကြောင်း စက်တင်ဘာလ ၃ ရက်တွင်ပြောကြားလိုက်သည်။
ဟန်ကျိုး၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် မက်တီယိုရန်ဇီ(Matteo Renzi) တို့သည် စက်တင်ဘာလ ၃ ရက်တွင် တွေ့ဆုံကြစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် အားထုတ်လုပ်ဆောင်သွားရန် အချင်းချင်း ကတိပြုခဲ့ကြကြောင်းသိရသည်။ စက်တင်ဘာလ ၄ ရက် မှ ၅...
ဟန်ကျိုး၊စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် G20 ထိပ်သီးအစည်းအဝေး မတိုင်မီ အကြိုတွေ့ဆုံမှုတစ်ရပ်အဖြစ် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri အား စက်တင်ဘာလ ၃ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အန်ကာရာ ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရုရှား-တူရကီ နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းခွင့်ကို ရုရှားနိုင်ငံက ပိတ်ပင်ထားရာမှ ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ပထမဆုံး ရုရှားစင်းလုံးငှား ခရီးသည်တင်လေယာဉ် တစ်စင်းသည် တူရကီနိုင်ငံ အန်တလ်ရ (Antalya)လေဆိပ်သို့စက်တင်ဘာလ ၂ ရက်တွင် ဆိုက်ရောက်လာကြောင်း Anadolu သတင်းအေဂျင်စီက သတင်းရေးသားဖော်ပြခဲ့သည်။