Connect with us

Asia

ဘရူနိုင်းနို်င်ငံတွင် သေကြောင်းကြံစည်မှုများကို ကာကွယ်ရန် နိုင်ငံ့အရေးပေါ်ဖုန်းလိုင်း တပ်ဆင်

အဆောက်အအုံတစ်ခု အပေါ်ဆုံးထပ်တွင် အမျိုးသမီးတစ်ဦး သေကြောင်းကြံစည်ရန် ကြိုးပမ်းနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ဒါ ဆာရီ ဘာဂါဝန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံတွင် သေကြောင်းကြံစည်မှု တိုးပွားလာခြင်းနှင့် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုများပြားလာမှုကို ရင်ဆိုင်နေရပြီးနောက် “အသက်ရှင်နေထိုင်ရေး ဆွေးနွေးအကြံပြုမှု အရေးပေါ်ဖုန်းလိုင်း” တစ်ခု တပ်ဆင်ရန် စဉ်းစားနေပြီး လာမည့် အနာဂတ်တွင် သေကြောင်းကြံစည်မှုများကို ကာကွယ်ရန်နှင့် လျှော့ချရန် စဉ်းစားနေကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံ ဘုရင့်ကျန်းမာရေးဝန်ကြီး Mohad Isham က သြဂုတ်လ ၅ ရက်တွင် ပြောကြားချက်အရ အဆိုပြုထားသည့် အရေးပေါ်လိုင်းသည် ငွေးရေးကြေးရေး၊ မိသားစုအရေး၊ ဆက်ဆံရေးနှင့် အလုပ်ခွင် စသည့် နယ်ပယ်များတွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု အပြင်းအထန်ခံစားနေရသူများအတွက် စိတ်ဓာတ်ရေးရာ ဆွေးနွေးလမ်းညွှန်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်သော အစိုးရအဖွဲ့များက “အသက်ရှင်နေထိုင်ရေး ဆွေးနွေးအကြံပြုမှု အရေးပေါ်ဖုန်းလိုင်း” တပ်ဆင်ရာတွင် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ပြီး ယင်း အရေးပေါ်ဖုန်းလိုင်းက ပထမဆုံးအကြိမ် စိတ်ဖိစီးမှု ကြီးမားစွာ ခံစားနေရသည့် လူတိုင်းအတွက် ဆွေးနွေးအကြံပြုခြင်းဖြင့် ပံ့ပိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဘရူနိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ နောက်ဆုံးအချက်အလက်များအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ဘရူနိုင်းနိုင်ငံအတွင်း သေကြောင်းကြံစည်မှု ၄၆ မှုရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၆ မှု၊ ၂၀၁၅ ခုနှစ်တွင် ၈ မှု၊ ၂၀၁၆ ခုနှစ်တွင် ၈ မှု၊ ၂၀၁၇ ခုနှစ်တွင် ၁၃ မှုနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၁၁ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.