Connect with us

Eastern Europe

ရုရှားနိုင်ငံက အမေရိကန်သွင်းကုန်အချို့ကို အခွန်တိုးမြှင့် ကောက်ခံမှုများ စတင်

ရုရှား နိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အမေရိကန်က ရုရှားနိုင်ငံ၏သံမဏိအလူမီနီယံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို ပြန်လည် တုံ့ပြန် သည့် အနေဖြင့် ရုရှားနိုင်ငံက သြဂုတ် ၅ ရက် 00:00 နာရီမှစ၍ အမေရိကန်၏သွင်းကုန်အချို့ကို အခွန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း ရုရှား နိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) ၏ ယင်းမတိုင်မီက ရေးထိုးထားသည့် အမိန့် ကြေညာချက် အရ သိရသည်။

အဆိုပါ အမိန့်ကြေညာချက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သတ်မှတ်ချက်များအရ ရုရှားသည် အမေရိကန်၏ သံမဏိအလူမီနီယံအခွန်ကောက်ခံမှုကို ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း ၊ ထို့ကြောင့် အမေရိကန်မှ တင်သွင်းသော လမ်းဆောက်လုပ်ရေး စက်ပစ္စည်း၊ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ဆိုင်ရာ ပစ္စည်းကိရိယာ ၊သတ္တုအချောကိုင် ပစ္စည်း ၊ တူးဖော်ရေးပစ္စည်း ၊ ဖိုင်ဘာထုတ်ကုန် ပစ္စည်းများကို အခွန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။

ရုရှားမီဒီယာများ၏ဖော်ပြချက်များရ ရုရှားသည် အထက်ဖော်ပြ ကုန်ပစ္စည်းများကို နှစ်စဉ် အမေရိကန်နိုင်ငံမှ ဒေါ်လာ ၃.၁၆ ဘီလီယံဖိုး တင်သွင်းလျက်ရှိကြောင်းသိရသည်။အမေရိကန်သွင်းကုန်ပစ္စည်းအချို့ကို အခွန်တိုးမြှင့်ကောက်ခံမည့် အမိန့်ကြေညာချက်ကို ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) က ဇူလိုင် ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ ဥပဒေအရ ထိုအမိန့်ကြေညာချက်မှာ ဝန်ကြီးချုပ်လက်မှတ်ရေးထိုးပြီး ရက် ၃၀ အကြာတွင် အသက်ဝင်မည်ဖြစ်သည်။ ထိုမတိုင်မီက အမေရိကန်၏အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ရုရှား အနေ ဖြင့် အမေရိကန် ဒေါ်လာ ၅၃၇.၆ သန်းခန့် ဆုံးရှုံးနစ်နာနေကြောင်း ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။အမေရိကန်နိုင်ငံ၏ သံမဏိအလူမီနီယံ ထုတ်ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံခြင်းအပေါ် အမေရိကန်ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ဆန့်ကျင်ကြပြီး တုံ့ပြန်မှုများ ဆောင်ရွက်မည်ဟု ကြေညာခဲ့ကြကြောင်း သိရသည်။ (Xinhua)