ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိမ်ထောင်ရှင် အမျိုးသမီးများအတွက် Mrs Golden Land Myanmar 2017 အလှမယ်ရွေးချယ်ပွဲ ကို သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး အလှမယ်လျှောက်လွှာများကို ဇွန်လ ၃၀ ရက်နေ့ တွင် www.facebook.com/MrsGoldenLand သို့ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းကျဆင်းရေးနှင့်မှုခင်းမဖြစ်ပွားစေရေး အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့သည် အထူး ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် ဖုန်းလိုင်း ရှင်းရှင်းလင်းလင်း မိစေရန်အတွက် အိန္ဒိယ ဝန်ကြီး Arjun Ram Meghwal သည် သစ်ပင် တစ်ပင်ပေါ်သို့ တက်ကာ ဖုန်းဆက်ခဲ့ရကြောင်း ဇွန်လ ၅ ရက်ထုတ် သတင်းများက ဖော်ပြထားသည်။
တိုကျို၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု ရှိ စကူရာဂျီမာ မီးတောင် သည် ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ ဋ္ဌာန က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတစ်ချို့ အတွင်းသို့ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက် ထပ်မံ ဝင်ရောက်လာခဲ့ဖြင့် ရှာဖွေ နှိမ်နှင်းခဲ့ရာ ယခုအချိန်ထိ အကောင်ရေ ၁၆၆၇ ခန့်အား မြေမြှုပ် ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။