Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ ရှိ ဗလီ တစ်ခု အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရ လူပေါင်း ၃၅ ဦး သေဆုံး အနည်းဆုံး ၇၀ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ ရှိ ဗလီ တစ်ခု သြဂုတ်လ ၃ ရက် ၌ တိုက်ခိုက်မှု ခံခဲ့ရသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Paktia ပြည်နယ် အများပြည်သူ ကျန်းမာရေး ဌာန တာဝန်ရှိသူ က ပြည်နယ်အတွင်းရှိ ရှီးအိုက် ဘာသာ ဗလီကျောင်း တစ်ခု က အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် လူပေါင်း ၃၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်အရ ပေါက်ကွဲမှု သည် သြဂုတ်လ ၃ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ် ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ တိုက်ခိုက်သူ ၂ ဦးအား ဗလီကျောင်း အတွင်း သို့ ဝင်ရောက် ခဲ့ပြီး ခန္တာကိုယ်တွင် တပ်ဆင်ထားသည့် ဗုံးအား ဖောက်ခွဲ ခဲ့ကြောင်း ၊ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဗလီကျောင်း နံရံ နှင့် ပြတင်းပေါက်များ ပျက်ဆီး သွားကြောင်း သိရှိရသည်။

Paktia ပြည်နယ် ရဲတပ်ဖွဲ့ က ပေါက်ကွဲမှု ဖြစ်ပွားစဉ် ဗလီကျောင်းအတွင်း လူအများ ဝတ်ပြုနေကြသဖြင့် သေဆုံးဒဏ်ရာရရှိမှု များပြား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် မှ စတင်၍ အာဖဂန်နစ္စတန် နိုင်ငံ တွင် ဗလီကျောင်း များအား ဦးတည်၍ တိုက်ခိုက်မှု အများအပြား ဖြစ်ပွား ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက် က အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း ဒေသ နှင့် မြို့တော် ရှိ ဗလီကျောင်း ၂ ခု တိုက်ခိုက်ခံခဲ့ရာတွင် အမျိုးသမီး နှင့် ကလေးငယ် များအပါအဝင် လူပေါင်း ၇၆ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.