ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၏ အသုဘအခမ်းအနားတစ်ခုတွင် ဇွန်လ ၃ ရက် က ဗုံးပေါက်ကွဲမှု ၃ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ ဦးသေဆုံးပြီး အခြားလူ ၈၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က အတည်ပြုပြောကြားခဲ့သည်။
ဘရာဇီးလီယာ ၊ ဇွန် ၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ Michel Temer ၏ အထူးအကြံပေးပုဂ္ဂိုလ် နှင့် ယခင်ဥပဒေပြုအမတ်(ဟောင်း) Rodrigo Rocha Loures အား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း နှင့် ယင်းဖြစ်စဉ်မှာ သမ္မတနှင့်လည်း ဆက်စပ်မှုရှိကြောင်း...
ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မည့်လုပ်ငန်းစဉ် Business for Peace (B4P) ကို ပညာရေးကဏ္ဍက ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦး၏ ပြောကြားချက် အရ သိရသည်။
တိုကျို၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအလယ်ပိုင်း တိုရာမစီရင်စု ရှိ တောင်ထူထပ်သော ဧရိယာတစ်ခုတွင် ဇွန်လ ၃ ရက် နေ့လည်ပိုင်းက လူ ၄ဦးလိုက်ပါလာသော အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။