ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ ဇူလိုင်လ ၂၉ ရက်နေ့က ဆီဘောက်ဆာယာဉ် နှစ်စီး မီးလောင်၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စက်လှေဖြင့်သွားလာနေစဉ် စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ် ထိစပ်နယ်နိမိတ်အတွင်း တည်ဆောက် ထားသော သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်(၂၉)ရက် ညနေ ၄ နာရီ တိုင်းတာချက်အရ ရေအမှတ်(၁၂၆.၇) မီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။