ဒါကာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) သြဂုတ်လ ၂၄ ရက်က လေယာဉ် တစ်စင်းသည် မထွက်ခွာမီ မီးလောင်ကျွမ်းခဲ့သောကြောင့် ခရီးသည် ၂၀၀ ဦးခန့်နှင့် လေယာဉ် ဝန်ထမ်းများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
နယူးယောက်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)တရုတ်ရိုးရာ အပ်စိုက်ကုထုံး၊ စုပ်ခွက်ကုထုံး နှင့် နှိပ်နယ်ခြင်းကုထုံး တို့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တဖြေးဖြေး လူကြိုက်များလာပြီဖြစ်သည်။ ယခုအခါ အာရှတိုက်ရှိ ဝေဒနာသည်များ သာမက အမေရိကတိုက်ရှိအခြားလူမျိုး ဝေဒနာသည်များကပါ တရုတ်ရိုးရာတိုင်းရင်းဆေးကို တဖြေးဖြေး စိတ်ဝင်စားလာကြပြီဖြစ်သည်။ဒေါက်တာ မာ သည် ၁၉၉၉...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) သေနတ်ဖြင့် ပစ်ခတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတို့ဖြင့် အလိုရှိတရားခံအား ကျပ်သိန်းပေါင်း (၁၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရေးအဖွဲ့ တာချီလိတ်မှ သတင်းထုတ်ပြန်သည်။
ဝူဟန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် Shennongjia အမျိုးသား သဘာဝ ကြိုးဝိုင်းရှိ ရွှေရောင် မျောက် အရေအတွက်သည် ၁၉၉၀ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာပြီး ကောင်ရေ ၁၃၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်များက သြဂုတ်လ ၂၄...
ရှန်ဟိုင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံ က စစ်သားများကျူးကျော်ဝင်ရောက်တပ်စွဲခဲ့သည့် ခံတပ်ဟောင်း တစ်ခုကို တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တူးဖော်တွေ့ရှိခဲ့သည်။ ကျောက်သားများဖြင့် အခိုင်အခံ့ တည်ဆောက် ထားသည့် အဆိုပါခံတပ်ကို ဆုန်းကျန်း ခရိုင် ရှင်းဘန်းအရပ်တွင် တွေ့ရှိခြင်းဖြစ်သည်။ အထပ် ၃ထပ် ဖြင့်တည်ဆောက်ထားသည့် ခံတပ်ဟောင်းရှိ...