Connect with us

Sport

၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲ မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ဝင်ရောက် ယှဉ်ပြိုင် မည်

မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များအား တွေ့ ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းသည် ယနေ့ဇူလိုင် ၂၇ ရက်တွင် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသည် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၁ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ရာ ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ တီမော ၊ ဖိလစ်ပိုင် အသင်းတို့ ပါဝင်သည့် အုပ်စု(က) တွင် ကျရောက်လျက်ရှိပြီး မြန်မာအသင်းပွဲစဉ်များကို အင်ဒိုနီးရှား နိုင်ငံ ၊ Surabaya ရှိ Joko Samudro နှင့် Delta Sidoarjo ကွင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းသည် ဇူလိုင် ၂၉ ရက်တွင် တီမော အသင်း နှင့် လည်းကောင်း ၊ ဇူလိုင် ၃၁ ရက်တွင် အင်ဒိုနီးရှား အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၂ ရက်တွင် ဖိလစ်ပိုင် အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၄ ရက်တွင် ကမ္ဘောဒီးယား အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၆ ရက်တွင် ဗီယက်နမ် အသင်း နှင့် လည်းကောင်း ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.