Connect with us

Africa & Middle East

ဘက်စုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို စောင့်ထိန်းရာတွင် တရုတ်နိုင်ငံက အာဂျင်တီးနားနိုင်ငံနှင့်အတူ လုပ်ဆောင်ရန် ရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri တို့အား ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံနှင့်အတူ ဘက်စုံပါဝင်သော ကုန်သွယ်ရေးစနစ် စောင့်ထိန်းရေးနှင့် ကမ္ဘာ့ အုပ်ချုပ်ရေးစနစ် တိုးတက်ရေးတွင် ကူညီဆောင်ရွက်ကြရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ရှီသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပနေသော ၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးနှင့် တွဲလျက် အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri နှင့် တွေ့ဆုံကာ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်သတ်ကိုယ်ကျိုးရှာမှုစနစ် (Unilateralism) နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးစနစ် (Protectionism) တို့သည် လက်ရှိတွင် မြင့်တက်လာခဲ့ကြောင်း ရှီက ပြောကြားခဲ့ပြီး ပေါ်ထွန်းစဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာလည်း တိုးမြင့်လာခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“အာဂျင်တီးနားနိုင်ငံက ရိုးရှင်းတဲ့ မိတ်ဆွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်သလို အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံက ထောက်ပံ့ပေးထားပြီး ကျွန်ုပ်တို့၏ လုပ်နိုင်စွမ်းဘောင်အတွင်းက ဆက်လက်ကူညီသွားဖို့ ဆန္ဒရှိပါတယ်” ဟု ရှီက ပြောခဲ့သည်။

အာဂျင်တီနားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် တရုတ်-အာဂျင်တီးနား ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြည့်အဝယုံကြည်ပါကြောင်း ရှီက ဆိုသည်။နှစ်နိုင်ငံလုံးအနေဖြင့် ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ရေး အဆင့်မြှင့်တင်သင့်ကြောင်း၊ အရေးကြီးသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအား ချိန်ညှိသင့်ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်အင်၊ သတ္ထုတွင်းလုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်သင့်ကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လွယ်ကူချောမွေ့မှု မြှင့်တင်သင့်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်တွင် အပြည့်အဝပါဝင်သင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ် G20 (Group of 20) ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသော အာဂျင်တီးနားနိုင်ငံအတွက် တရုတ်နိုင်ငံက ထောက်ပံ့ပေးမည်ဟု ရှီက ဆိုသည်။အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးအခက်အခဲကို ကျော်လွှားရန်နှင့် ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်း အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri က ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံသည် ကိုယ်ကျိုးစီးပွားကာကွယ်သောမူဝါဒကို ကန့်ကွက်ကြောင်း၊ နိုင်ငံတကာ ပူးပေါင်ဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ယခုနှစ်တွင် အောင်မြင်သော G20 ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း Macri က ပြောကြားခဲ့သည်။ (Xinhua)