ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ခြင်းများနှင့် အမေရိကန်နိုင်ငံအပေါ် အရေးပါသည့် အခြား ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါက ရုရှားအပေါ် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပစ်မည်ဟု အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က အရိပ်အမြွက်...
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အလှူရှင် အဖွဲ့ တစ်ဖွဲ့က ကျွေးမွေးသော အစားအစာများမှာ ရက်လွန်နေသည့် အတွက် ယင်း အစားအစာများကို စားမိသည့် ကျောင်းသား ၂၂၂ ဦး အော့အန်သွားခဲ့ကြောင်း ဒေသခံ ရဲချုပ်က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဖိနပ်ခုံတွင် စြင်္ကာတံဆိပ်များ ရိုက်နှိပ်ထားသည်ကို ဝယ်သူ တစ်ဦးက တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် နယ်မြေအတွင်းရှိ ဖိနပ် ဖြန့်ဖြူးရောင်းချသူ တစ်ဦးက အဆိုပါ ဖိနပ်များအား ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ဒူဘိုင်းမြို့ရှိ Rashid ဆေးရုံတွင် ဆေးဝါးများအား စက်ရုပ်ဖြင့်ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း UAE နိုင်ငံပိုင် WAM သတင်းဋ္ဌာန က ဇန်နဝါရီ ၁၃ ရက် ကဖော်ပြခဲ့သည်။