Connect with us

Environment, Disasters & Accidents

တရုတ်နို်င်ငံတွင် အမ်ပီလ် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် အဝါရောင်အဆင့်ထုတ်ပြန်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ဟေတို တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ ချဉ်းကပ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည့် အမ်ပီလ် (Ampil)တိုင်ဖွန်းမုန်တိုင်းသည် အားကောင်းလာကာ အဝါရောင်အဆင့်အဖြစ် တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသစောင့်ကြည့်ရေးက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုနှစ်၏ ၁၀ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော အမ်ပီလ်သည် ကျဲ့ကျန်းပြည်နယ် သို့မဟုတ် ကျန်းစုပြည်နယ်သို့ ဇူလိုင်လ ၂၁ ရက် ညနေပိုင်းတွင် ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၃၀ မီတာအထက်ရှိနိုင်ကြောင်း အမျိုးသား မိုးလေဝသစင်တာ (NMC) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် အားပျော့သွားနိုင်ပြီး အနောက်မြောက် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွှေ့လျားသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်နိုင်ကြောင်း NMC က ပြောခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နှင့် ၂၃ ရက်ကြားတွင် ကျဲ့ကျန်းပြည်နယ်၊ ရှန်ဟိုင်းမြို့၊ ကျန်းစုပြည်နယ်၊ အန်ဟွေ့ပြည်နယ်၊ ရှန်တုံပြည်နယ်နှင့် ဟဲဘေးပြည်နယ်များ၌ အမ်ပီလ်မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်နိုင်ကြောင်း သိရသည်။တရုတ်နိုင်ငံတွင် ရာသီဥတု သတိပေးချက်အဆင့် အရောင်များဖြင့်ခွဲခြားထားရာ အဆိုးဆုံးအဆင့်မှာ အနီရောင်အဖြစ် သတ်မှတ်ထားပြီး လိမ္မော်ရောင်အဆင့်၊ အဝါရောင်အဆင့်နှင့် အပြာရောင်အဆင့် စသဖြင့် အသီးသီးသတ်မှတ်ထားသည်။တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းရာတစ်လျှောက် လမ်းကြောင်းပေါ်ရှိ နေထိုင်သူများအား မုန်တိုင်းဖြတ်သန်းပြီးသွားသည်အထိ နေအိမ်အတွင်းမှာပင် နေထိုင်ကြရန်နှင့် ရေလွှမ်းမိုးမှုအား သတိထားကြရန် NMC က အကြံပြုထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117