ဆာအိုပေါ်လို ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပါရာနာမြို့အဝေးပြေးလမ်းပေါ်၌ အောက်တိုဘာလ ၃၁ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇နာရီ ၄၀တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) နိုင်ငံတော် အနေဖြင့် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်...
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အောက်တိုဘာလ ၃ဝ ရက်နေ့ တွင် ကျင်းပသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် တရုတ်နိုင်ငံ အနေဖြင့် သစ်တော...
နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာထားသည့် အစ္စလာမ်မစ် ကျောင်းသားလှုပ်ရှားမှု (SIMI) အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၈ ဦးသည် မဒရာ ပရာဒတ်ပြည်နယ် မြို့တော် ဘိုပါးရှိ လုံခြုံရေးများ မြင့်မားစွာ ထားရှိသည့် အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် နာရီအတန်ကြာ၌ ရဲတပ်ဖွဲ့က...